Microplastic တစ်ကမ္ဘာလုံးကို အဆိပ်ခတ် ခြင်း


Microplastic တစ်ကမ္ဘာလုံးကို အဆိပ်ခတ် ခြင်း

ဆုတောင်းပြည့်တာလား . . .ဆုတောင်းမှားခဲ့တာလား

ပျက်သုံးသွားတဲ့ ခေတ်တစ်ခေတ် ကို ကြီးစိုးခဲ့တဲ့ သက်ရှိ နှင့် သတ္တဝါတွေ ရဲ့ ရုပ်ကြွင်းတွေ ရိုရွင်းပြီးဖြစ်ပေါ်လာတဲ့ အမည်းရောင်ပြစ်ပြစ်အရည် . . . ရေနံစိမ်း ကို လောင်စာဆီ ၊ စွမ်းအင်ထုတ်လုပ်သည့်အဆီ အဖြစ်အသုံးပြုကြသည့် အပြင် ထိုရေနံစိမ်း မှ  ပလတ်စတစ် လို့ ခေါ်တဲ့ အရာတစ်ခု အဖြစ် ပုံစံပြောင်းလဲ ဖန်တီးပြီး ကျွန်တော်တို့နေ့စဉ် အသုံးပြုနေတဲ့ အသုံးအဆောင် ပစ္စည်းတစ်ခု အနေနဲ့ ပေါပေါလောလော အသုံးပြုနေတာ ရာစုနှစ် တစ်ခုတောင် မကြာသေးပါဘူး ။
အသုံးပြုတာ အချိန်မကြာသေးပေမဲ့ ထို ပလတ်စတစ်တွေ ကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်ဆိုးကျိုးတွေ ကတော့ ရာစုနှစ် ဆယ်ခု မက အချိန်ယူဖြေရှင်း ရင်တောင်မှ ပြေလည်မည့် ပုံစံ မပေါ်သေးပါဘူး ။
အမှိုက်ပုံတွေ မှာ ပုံဖောင်း ပျံနှံနေတဲ့ ထို ပလတ်စတစ် စွန့်ပြစ်အမှိုက်တွေဟာ သင့်မျက်စိရှေ့တွင်မြင်နေသည့် ပတ်ဝန်းကျင်အပြင် သာမန်လူ မရောက်နိုင်တဲ့ အမြင့်ဆုံး ဧဝရတ်တောင်ထိပ် မှ အနက်ဆုံး ပင်လယ်ချိုင့်ဝှမ်း အထိ ပလတ်စတစ်အမှိုက်တွေ ရောက်ရှိနေပြီး သာမန်မျက်စိ ဖြင့်မမြင်နိုင်တဲ့ မိုက်ခရို အဆင့် သေးငယ်တဲ့ အထိ ပလတ်စတစ် တွေဟာ သေးငယ်ပြန့်နှံနေပြီး ကျွန်ပ်တို့ ခန္တာကိုယ် အတွင်းအထိ ထိုးဖောက်ဝင်ရောက်နေပါပြီ ။ ကုန်ကုန်ပြောရရင် သင် နေ့စဉ် ရှင်းလင်းနေတဲ့ အိမ်တွင်းသဲဖုန် တွေ နှင့် သွားတိုက်ဆေး အပါအဝင် အလှကုန်ပစ္စည်းတော်တော် များများ ထဲမှာလည်း micro-plastic လေးတွေ ပါဝင်ပါတယ် ။

ပလတ်စတစ်

Polymer လို့ အလွယ်ခေါ်ယူနိုင်တဲ့ ဓာတ်ပစ္စည်းဟာ ရေနံစိမ်း ဓာတ်ပေါင်းစုလေးတွေကို သင့်တော်တဲ့ ဓာတ်စင်တစ်ခု နှစ်ခု နဲ့ ပေါင်းစည်း ပြီး အလွန်ရှည်လျားတဲ့ ပုံစံရောက်အောင် ဖန်တီးထားတဲ့ ဓာတ်ပစ္စည်းတစ်ခုပါ ။  သင့်တင့်သလောက် ခိုင်ခံမာကြောပြီး အလွယ်တကူ ဖျက်ဆီးလို့မရသည့်အပြင် လိုသလို ပုံစံသွင်းပြီး အလွယ်တကူ အများအပြားထုတ်လုပ်နိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်တာကြောင့် နေစဉ် လူသုံးကုန်ပစ္စည်း တွေကို ကုန်ကျစရိတ်နည်းနည်း နှင့် ထုတ်လုပ်ရောင်းချနိုင်သည့် အရာတစ်ခုအဖြစ်အဖြစ် ရူမြင်လာကြပြီး လူကြိုက်များ ရေပန်းစားလာပါတယ် ။
ဒုတိယ ကမ္ဘာ စစ်တွင်း အရေးပါသည့် သံ ၊ ခဲ ၊ ကြေး ၊ ခဲမဖြိုက် ၊ အလူမီနီယံ ၊ ရေနံ ၊ ရာဘာ ၊ သစ် ၊ စက္ကူ ရှားပါးမှုနှင့် ထိုပစ္စည်းများကို စစ်သုံးပစ္စည်းအဖြစ် ရှေ့တန်းတင် အသုံးပြုမှုကြောင့် အရပ်သားသုံး စီးပွားရေးသုံး ပစ္စည်းတစ်ခုအဖြစ် ပလတ်စတစ် ကိုပို အသုံးပြုလာရာက ပိုမိုရေပန်းစားလာပါတယ် ။

ဆုတောင်းပြည့်ခြင်း

ပလတ်စတစ် ကြောင့် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ တစ်စစ်ထိုးပြောင်းလဲသွားပါတယ် ။ ကုန်ပစ္စည်း ထုတ်ပိုမှု ၊ သယ်ယူပို့ဆောင်ရေး ၊ စာရွတ်စာတမ်း ထိန်းသိမ်းမှု ၊ ကုန်ပစ္စည်းထုတ်လုပ်မှုု ပုံစံ တွေ အကုန်နီးပါး တိုးတက်ပြောင်းလဲသွားသလို ကုန်ပစ္စည်း ဈေးနှုန်း ကျမှုတွေလည်း ရှိလာလို့ ဝယ်ယူနိုင်စွမ်းမြင့်တက်ကာ  စီးပွားရေးတိုးတက် ပြောင်းလဲမှု တွေ ရှိလာပါတယ် ။
ယခုတွင် တစ်ကမ္ဘာလုံး အသုံးပြုနေသည့် ပလတ်စတစ် စုစုပေါင်း ရဲ့ ၃၀ ရာခိုင်နန်း ကျော်ကျော် သာ ပစ္စည်းနှင့် အစားအစာ ထုတ်ပိုးမှုအတွက်သာ အသုံးပြုနေပါတယ် ။ သိပ်မများတဲ့ ပမာဏ ဆိုပေမဲ့ လူတွေ ရဲ့ စည်းကမ်းမဲ့ စွန့်ပစ်မှုနှင့် မလိုအပ်ပဲ အလွန်အကျွံ ထုတ်ပိုးမှုတွေကြောင့် ထို ပလတ်စတစ် အမှိုက်တွေ ဟာ ရေရှည်မှာ ဖြေရှင်းရခက်တဲ့ အခက်အခဲ တစ်ခုဖြစ်လာပါတယ် ။

ဆုတောင်းမှားခဲ့တာလား

            တစ်ကမ္ဘာလုံးပူနွေးမှု နှင့် တိုက်ရိုက်ပတ်သတ်မှု မရှိသော်လည်း ထိုအမှိုက်များ ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေက မီးလောင်ရာလေပင့် ဆိုသလို အပူချိန်တက်မှုကြောင့် ဖြစ်ပေါ်ပြီးသား ဖြစ်ပေါ်နေစဲ ဆိုးကျိုးတွေ ကို ပိုမိုဆိုးရွားစေပါတယ် ။ ဒီပလတ်စတစ်တွေ ကြောင့် အထိခိုက်ခံရဆုံး သူတွေ ကတော့ ရေနေသတ္တဝါတွေ ပါပဲ သို့ပေမဲ့ အချိန်ကြာလာသည် နှင့် အမျှ ရေသတ္တဝါတွေ ကို မှီတင်း စားသောက်နေထိုင်ရတဲ့ သက်ရှိ တွေ ကိုပါ ဆိုးကျိုး သက်ရောက်မှုတွေ ရှိလာပါတယ် ။ ကုန်မြေပေါ်မှု ရှိနေတဲ့ အမှိုက်ပုံတွေ ကို ထိန်းသိမ်းရတာ လွယ်ကူပေမဲ့ ထိုအမှိုက်တွေ ရေထဲရောက်သွားချိန် က စပြီး ထိန်းသိမ်းဖို့ ခက်ခဲပြီး ပြဿာနာတွေ ပိုမို ဆိုးရွားလာစေပါတယ် ။ ပင်လယ်သမုဒ္ဒရာထဲ ကို စီးဝင်နေတဲ့ မြစ်တွေ ဟာ သမုဒ္ဒရာ ထဲက ပြဿနာတွေရဲ့ အစပါပဲ ။ 

တရုတ်ပြည် ယန်ဇီနမြစ်ပေါ်တွင် တည်ဆောက်ထားသည့် မြစ်ကျဉ်းသုံးသွယ် ရေကာတာ (Three Gorges Dam) အနီး တွင်တွေ့ရသော စွန်ပစ်အမှိုက်များ - ယန်ဇီမြစ်မှ ပင်လယ်အတွင်းသို့ စီးဝင်နေသည့် စွန်ပစ်အမှိုက်များသည် တစ်ကမ္ဘာလုံး စုစုပေါင်း စွန့်ပစ်မှု ၏ ၅၀ ရာခိုင်နှုန်း ရှိသည် ။

ဘာတွေ ကြောင့် ပိုမို ဆိုးရွားစေတာလဲ

နေရဲ့ ပူပြင်းလှတဲ့ အပူချိန်ကို ကာကွယ်နိုင်စွမ်းမရှိတဲ့ မြစ်ချောင်း ပင်လယ် သမုဒ္ဒရာ ရေပြင်တွေထဲ မှာ ပေါလောပေါ် စီးဆင်းနေတဲ့ ပလတ်စတစ်တွေဟာ နေရဲ့အပူချိန်ကြောင့် တစ်စပြီးတစ်စ ပြိုကွဲပျက်ဆီးလာပေမဲ့ ပုံမှန် ဓာတ်ပျက်ဆီးပုံတွေနဲ့ မတူပဲ  ခိုင်မြဲတဲ့ ဓာတ်ဖွဲ့စည်းပုံတွေကြောင့် အလုံးစုံပျက်သုံးမှုမရှိ ဉပမာပြရသော် -  သစ်ချောင်း သို့ စာရွက်တစ်ရွက် မီးလောင် ရေစိုပြီး ပျက်ဆီးပုံနှင့်မတူပဲ သစ်ချောင်း သို့ စာရွက် ကို အပိုင်းပိုင်း ဖြတ်လိုက်သည့် ပုံစံ သာ ဖြတ်သည်။ ထို့ကြောင့် ပုံစံသာပြောင်းလဲပြီး ဓာတ်ပုံစံ ပြောင်းလဲ မှု မရှိပေ ။
            ပုံမှန်အားဖြင့် ပလတ်စတစ်တွေ မှာ ယခု ခေတ် ရေသန့်ဘူး တစ်ဘူး  တွေလို ပျောင့်ပြောင်းခြင်း နှင့် မှန်ကဲသို့ ကြည်လင်မှုမရှိခြင်း မရှိပေ ။ ထိုကဲသို့သော ဂုဏ်သတ္တိ တွေရှိလာစေရန် မူလ ပလတ်စတစ်ဓာတ်ပေါင်းတွေ ထဲကို ထပ်ပေါင်း chemical တွေ ထည့်ရပါတယ် ။ ထို chemical တွေ ဟာ ကင်ဆာ ကဲ့သို့သော ရောဂါ ဖြစ်စေ နိုင်တဲ့ အပြင် သက်ရှိတွေရဲ့ ဟော်မုန်း ဖွဲ့စည်းပုံတွေကို ပြောင်းလဲစေ နိုင်တာကြောင့် သက်ရောက်မှု အလွန်ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ် ။ ဒါဆို . . . အထက်က ဆိုးကျိုးတွေကို ရှောင်ဖယ်နိုင်ဖို့ ရေသန့်ဘူးတွေ မသုံးတော့ဘူးပေါ့ . . . ထို အတွေးက မှန်သင့် သလောက်မှန်ပေမဲ့ သင့်ခန္တာကိုယ်အတွင်းကို micro-plastic တွေ ဝင်ရောက်နိုင်တဲ့ နည်းလမ်း တစ်ခု မက ရှိနေပါတယ် ။ အသိသာဆုံး ထိုးဖောက်ဝင်ရောက်မှု နည်းလမ်း ကတော့ . . . ကျွန်တော် တို့ရဲ့ ထမင်း နှင့် ဟင်းခွက် ပန်းကန်ပြားတွေ ကနေ ထိုးဖောက်ဝင်ရောက် မှုပါပဲ . . . . အိုးခွက်ပန်းကန်တွေကြောင့် ဖြစ်တာလို့ မဆိုပါဘူး ။

ဘာတွေ ကို ပိုမို ဆိုးရွားစေတာလဲ

            အထက် က ခေါင်းစဉ်မှာ ဖော်ပြခဲ့တဲ့ ပင်လယ်ထဲက နေရောက် ကို ကာကွယ်မှု မရှိ ထိတွေနေရတဲ့ ပလတ်စတစ် တွေရဲ့ ပြိုကွဲမှု ကို မှတ်မိကြမှာပါ . . . အပိုင်းပိုင်းကွဲသွားတဲ့ ပလတ်စတစ်တွေ ဟာ မိုက်ခရို အဆင့်ထိ သေးငယ်အောင် ပြိုကွဲသွားပြီး အထက် စာပိုဒ် မှာ ဖော်ပြခဲ့တဲ့ chemical တွေနဲ့ ဖွဲ့စည်းထားတဲ့ micro-plastic တွေဟာ သူတို့ရဲ့နောင်တော်များနည်းတူ အသေးငယ်ဆုံးပြိုကွဲသွားကြပါတယ် ( ပလတ်စတစ်ကုန် တော်တော်များများ မှာ ထိုကုန်သတ္တိတွေ ရှိနေတာကြောင့် ပင်လယ်ထဲမှာ ထိုchemicalပါmicro-plastic တွေ ဘယ်လောက်များလိမ့်မလဲဆိုတာကို ရိပ်စားနိုင်ပါတယ် . . .  ခန့်မှန်းတွက်ချက်မှုအရ သမုဒ္ဒရာ ရေထဲမှာ micro-plastic ပေါင်း ၅၁ တထီလီယံ (သန်း ငါးထောင့် တစ်ရာ ) လောက် မျောပါ ပျံနှံနေပါတယ် ။
            ထို micro-plastic တွေ ကို အလွန်သေးငယ်တဲ့ zooplankton တွေ က သူတို့စားနေကြ အစာနဲ့ မှာယွင်းစားသုံးမိကြပါတယ် . . . ထို zooplankton တွေ ကို သေးငယ်တဲ့ ငါး ၊ ပင်လယ် ဂဏန်း တို့က စားသုံးကြပြီး ထို အကောင်လေးတွေကို ကြီးမားတဲ့ငါးများ နှင့် ရေဘဝဲ များ က စားသုံးကြပါတယ် . . . ထိုသို့ဖြင့် အဆင့်ဆင့် စားသုံးရာမှ အစာကွင်းဆက်ရဲ့ ထိပ်ဆုံးနေရာ မှာ ရှိတဲ့ လူ အပါအဝင် ငါးမန်း ၊ ဝေလငါး နှင့် လင်းပိုင် တို့ရဲ့ ခန္တာကိုယ် ထဲအတွင်းထိ အလိုအလျောက် ရောက်ရှိသွားပါတော့တယ် ။ ထို micro-plastic တွေ ခန္တာကိုယ်ထဲ ဝင်ရောက် တာဟာ လူသားတွေမှာ သိသာပြောင်းလဲ ထိခိုက်မှု မတွေရသေးပေမဲ့ နုနယ်ပြီး ကုန်နေ နိ့တိုက်သတ္တဝါများ ပုံစံနေထိုင်ကြတဲ့ လင်းပိုင် နှင့် ဝေလငါးများ ထိခိုက်သေဆုံးမှုတွေ ရှိလာပါတယ် ။ 


အများအားဖြင့် အဆိပ်တောက်ဖြစ်လုနီးပါး micro-plastic level အတော်မြင့်နေတဲ့ မိခင်နိ့ ကို သောက်သုံးမိရာက အကောင်ငယ်လေးတွေ အဆိပ်မိ သေဆုံးကြပြီး မျိုးဆက်သစ် အကောင်ရေ ကျဆင်းလာတာကြောင့် မျိုးသုံးမှု အန္တရာယ် ပါ ကပ်ပါ လာပါတယ် ။

             စွန့်ပစ်ပလတ်စတစ် တွေကို အစာ ဟုအမြင်မှားအမှတ်မှား ပြီး စားသုံးကြတာဟာ ကုန်နေသတ္တဝါတွေ ကြားမှာ အတွေ့နည်းပေမဲ့ ပလတ်စတစ် ကို အထိအတွေ့နည်းပြီး အသိညဏ်နိမ့်ပါးတဲ့ ရေနေသတ္တဝါတွေ ရဲ့ အစားတစ်လုတ် အတွက် အသက်ပေးရတာ ဟာ ကြောက်ခမန်းတိတိ များပြားလွန်းပြီး နေပြီး ပင်လယ်ပျော် ငှက်တွေပါ ထိခိုက်ကြပါတယ် 

            အချုပ်ပြောရရင် မိမိ  စွန်ပစ်လိုက်တဲ့ အမှိုက်တွေ ဘယ်မှာ ခရီးဆုံးသွားသလဲ ဆိုတာကို အမှိုက်ပြစ်သူ သင်ကိုယ်တိုင် သိသင့်သလို ထို အမှိုက်တွေကို ထိန်းချုပ်ကွပ်ကဲနေတဲ့ တာဝန်ရှိသူတွေ ဟာလည်း သူတို့ရဲ့ ဆုံးဖြတ်ချက် က ဘာတွေဖြစ်လာနိုင်တယ် နိုင်တာ ကို ထည့်သွင်းစဉ်းစားသင့်ပါတယ် ။

ပလတ်စတစ် ကင်းစင် ပြုံးပျော်ရွင်လား ?

            ထိုမေးခွန်းကို ဖြေဖို့ဆိုရင် ခက်ခဲပါတယ် . . . ပလတ်စတစ် ကြောင့် တိုးတက်မှုတွေ မရေတွက်နိင်အောင် ရှိသလို ဆုတ်ယုတ်မှုတွေလည်း ရှိပါတယ် ။ ဒါတွေကို ထိန်းချုပ်နိုင်ပေမဲ့ ခက်ခဲပါတယ်  . . . အချိန်လွန်သွားလို့လား လို့ မေးလာရင် ထိုကြောင့်လည်းဖြစ်နိုင်သလို အချိန်မှီသေးတယ် ဆိုတဲ့ မျော်လင့်ချက်လေးကလည်း ရှိနေပါသေးတယ် ။  ပလတ်စတစ် အသုံးပြုမှု ကို နိုင်ငံတော်တော်များများ က မြို့တော်ကြီတွေမှာ ပိတ်ပင်နေကြပေမဲ့ အလုံးစုံ ပိတ်ပင်မှု ကတော့ ခက်ခဲပါတယ် ။ ကျွန်တော်တို့ ဟာ ပလတ်စတစ် အပေါ် အားထားမှု လွန်ကဲသွားပြီး နေ့စဉ်ရှင်သန်မှုတွေ ကိုပါ ထိခိုက်လာနိုင်ပါတယ် ။ အသိသာဆုံးနှင့် အရေးပါဆုံး ကို ပြရရင် အစားအစာ ပါကင်ထုတ်ပိုးမှုပါ ။ များပြားလှတဲ့ အစားအစာတွေ ပုတ်သိုးပျက်ဆီးမသွားအောင် ၊သယ်ယူပို့ဆောင်ရာမှာ လွယ်ကူအောင် ၊ ရောဂါဘာယ ဖြန့်ဝေတဲ့ ခြင်ယင် နှင့် ပိုးမွားတွေ ဘေးက ကင်းအောင် ထိုအချက်တွေကို ကုန်ကျစရိတ်နည်းနည်း နှင့် လူတိုင်း လက်လှန်းမှီအောင် လုပ်ပေး နိုင်တာကလည်း ကျွန်တော်တို့ မုန်းပါတယ်ဆိုတဲ့ ပလတ်စတစ်ပါပဲ ။ ဒါတောင် နေ့စဉ် ထိတွေအသုံးပြုနေတဲ့ အသုံးအဆောင်တွေ မပါသေးပါဘူး ။ Dutch အဖွဲ့အစည်းတစ်ခုရဲ့ လေ့လာမှုတစ်ခုမှာ ပလတ်စတစ်အသုံးပြုမှု ကို အစားထိုးဖို့အတွက် အသုံးပြုမယ့် ပစ္စည်းတစ်ခု ကို ထုတ်လုပ်ရတာက ပိုပြီး ကာဘွန်ထုတ်လုပ်မှု ပိုများတာကို ဖော်ပြထားပါတယ် ။ ဒါကြောင့် ပလတ်စတစ် ကို ပစ်ပယ်ဖို့ မလွယ်ကူသေးပါဘူး ။

ဒါဆို ဘယ်လိုလုပ်မလဲ

                အရှင်းလင်းဆုံးပြောရ ရင် . . . ပလတ်စတစ် လျှော့သုံးပါ ။ ဈေးဝယ်ထွက်တဲ့နေရာမှာ ခြင်း သို့ recyce အိတ် ကို ပိုအသုံးပြုပါ ။ မလိုအပ်ပဲ ပလတ်စတစ် အိတ် မတောင်းပါနဲ့ ။ Microplastic အများစု အစပြုရာ ပင်လယ်က လို့ အလွယ်ပြောနိုင်ပါတယ် ဒါကြောင့် ပလတ်စတစ်အမှိုက်တွေ ကို ရေ နဲ့ နီးတဲ့ နေရာ ၊ ရေ ထဲ ကို မ ပစ် ပါနဲ့ . . . သင်္ဘော ပန်ကာ ပျက်တာ ထက် ပိုဆိုးတဲ့ အကျိုးဆက်တွေ ရှိနေလို့ပါ ။
             
  
ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တွေ ပြောနေကြတဲ့ recycle ပြန်လည်အသုံးပြုတယ် ဆိုတာကို သိကြမှာပါ . . . recycle process မှာလည်း သူ့အားနည်းချက်တွေနဲ့ သူ ပြည့်နပ်နေတာကြောင့် recycle ကိုပဲ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အတွက် အားထားမနေသင့်ပါဘူး ။

Comments

Popular posts from this blog

ရေတွေ ကုန်ဆုံးရတော့ မှာလား ?