တန်ဖိုးထားမှုများ လျော့ကျခြင်း


တန်ဖိုးထားမှုများ လျော့ကျခြင်း

ခေတ်ကာလ ကြာမြင့်ပြီး မေလျော့ခြင်းခံထားရသည့် ဘာသာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အရေးကြီးပြီး အခြေခံကျတဲ့ တန်ဖိုးထားမှုတွေ ကို နောက်လူ တွေ ရဲ့ မေ့လျော့လျစ်လျှူရှူခြင်းခံလာရတာကို ထို တန်ဖိုးထားမှုတွေ ရဲ့ အရေးပါမှုကို သိနားလည်ပြီး လက်ခံကျင့်သုံးတန်ဖိုးထား ခဲ့တဲ့မျိုးဆက်တွေ သက်ရှိထင်ရှားရှိစဉ်မှာပဲ  ထိုတန်ဖိုးတွေကွယ်ပျောက်တော့မယ့် အဖြစ်ကို မျက်မြင်ကိုယ်တွေ မြင်တွေ့တွေ့ကြုံတွေ့ရမည့် အခြေအနေ မှ တားဆီးကာကွယ်ရမည့် အနေအထား ရှိနေသည့် မြန်မာနိုင်ငံမှာ ထိုတန်ဖိုးတွေကို ကာကွယ်စောင့်ရှောက်ခြင်း နှင့် တန်ဖိုး မြင့်တင် ဖြန့်ဝေခြင်းဆိုင်ရာ တာဝန်တွေကို တာဝန်ရှိအစိုးရဝန်ထမ်းတွေသာ လုပ်ရမယ့် တာဝန်လို့ ထင်မြင်ယူဆနေတာဟာ ထိုတန်ဖိုးထားမှု တွေ အရှိန်အဟုန်နဲ့ ကွယ်ပျောက်သွား မည့် အန္တရာယ် ကို အရှိန်ကောင်းကောင်းနဲ့ ကြီးထွားလာစေမယ့် မြေခံရေခံ ကောင်းကောင်းတစ်ခုကို ဖန်တီးနေသကဲ့ ဖြစ်နေပါတယ် ။

ဒုတိယ မိဘ များ ပြောင်းလဲမှု

လက်ဦးဆရာတွေ ဖြစ်ကြတဲ့ မိဘ တွေရဲ့ ချို့တဲ့ တဲ့ အိမ်တွင်းပညာရေးစနစ် ထက် အဓိကကျတဲ့အခြေခံပညာရေးစနစ် မှာလဲ ပိုမိုဆိုးဝါးတဲ့ ဖြစ်စဉ် နှင့် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာကို လျစ်လျှူရူထားတာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်တဲ့ ပြောင်းလဲ တိုးတက်မှုတွေ ယူဆောင်ပေးလာမှာ မဟုတ်ပါဘူး ။ လခစား စိတ်ဓာတ် ဖြစ်ပွားလာတာဟာ ဆရာတွေ အပြင် ၎င်းတို့သင်ကြားထိန်းကြောင်းပေးနေတဲ့ ကလေးတွေရဲ့ ဖြူစင်တဲ့အခြေခံစိတ်ဓာတ်တွေကို ညစ်ညမ်းသွားစေနိုင်ပြီး ထို ကျောင်းတွေ ဟာ ကလေးတွေ အတွက် ဆိုးဝါးတဲ့ ငရဲခန်း ဖြစ်သွားစေနိုင်ပါတယ် ။
သင်ယူမှုစွမ်းရည် အပြည့်ရှိတဲ့ လူငယ်နှင့် ကလေးသူငယ်တွေဟာ မိဘ နှင့် ဆရာ တွေဆီက ကောင်းမွန်ပြီးနည်လမ်းမှန်ကန်တဲ့ လမ်းညွန်ဆုံးမမှု ကောင်းကောင်းမခံရတာတွေကလည်း အခြေခံတန်ဖိုး တွေ  ထိခိုက်ပျက်ဆီး လာတာကို ပိုပြီး အရှိန်မြင့်လာစေပါတယ် ။

အိမ်တွင်းပညာရေး စနစ် ပျက်ဆီးလာခြင်း

ဝင်ငွေ မလုံလောက်မှုထက် အသုံးစရိတ်ကြီးမြင့်မှုတွေ ကြောင့် လင် နှင့် မယား ပါ အိမ်အပြင်ထွက် အလုပ်လုပ်ရမှုကြောင့် ငယ်ရွယ်ပြီး မှတ်ညဏ် ဖွံဖြိုးစ ကလေးငယ် တွေကို သင်ကြားပေးမည့် လက်ဦးဆရာ ဆုံးရှံးမှုများဖြစ်ပေါ်လာပြီး အိမ်တွင်းမိသားစု အတွင်းမှာသာ သင်ကြားပေးလေ့ရှိခဲ့ကြတဲ့ အကြောင်းအရာတွေကို ထို ကလေးငယ်တွေဟာ သိရှိသင်ကြားခွင့်မရခဲတာဟာ အလွန် စိုးရိမ်စရာဖြစ်ပြီး ထိုကလေးငယ်တွေဟာ ယခုဆို အရွယ်ကောင်း အသက်၂၀ နှင့် ၃၀ ကြား ဝန်းကျင်တွင် ရှိနေကြပြီး သူတို့ဟာ တိုင်းပြည်ရဲ့ လျှင်မြန်ပြီး မရေရာတဲ့ တိုးတက်မှု ၊ ပြောင်းလဲမှု တွေ ကို အမှီလိုက် တွေ့ကြုံနေရတဲ့ မျိုးဆက်ဖြစ်နေတာကြောင့် သူတို့ အတွက် စိတ်ထွက်ပေါက်အဖြစ် သူတို့၏ ကိုယ်ပိုင် တန်ဖိုးထားမှုအသစ်တွေကို စတင်ဖန်တီးလာပါတော့တယ် ။

အသစ်သစ်တိုင်းက ကောင်းမွန်လား

ခေတ်ကာလ နှင့် သမိုင်းတလျှောက်ကို ကြည့်လိုက်လျှင် လူ့အဖွဲ့အစည်းတွေဟာ အသစ်ဖန်တီးမှုတွေကို သူတို့ လက်ခံထားတဲ့ တန်ဖိုးတွေနဲ့ ဆန့်ကျင်မှုရှိလျှင် မဆိုနှင့် တန်ဖိုးလျှော့နည်းမှု ရှိလျှင်ပင် ဆန့်ကျင် ဖျက်ဆီး ခဲ့ကြတာကို အထင်းသားမြင်တွေ့နိုင်မှာပါ ။
ရှေးရိုးစွဲယဉ်ကျေးမှုလွမ်းမိုးတဲ့ မြန်မာနိုင်ငံမှာ နောက်လူ ယခုခေတ်လူငယ်တွေ အသစ် ဖန်တီးလိုက်တဲ့ တန်ဖိုး တွေကို ဆန့်ကျင်ရှတ်ချများရှိနေပေမဲ့ ထိုတန်ဖိုးအသစ်တွေကတော့ လျော့ကျသွားမှုမရှိသည့်အပြင် လူကြီးတွေထဲအထိပါ ထိုးဖောက်ဝင်ရောက်လာတာကြောင့် အခြေခံတန်ဖိုးတွေ လျော့ကျ ပျက်ဆီးလာတာကို ပိုပြီးအရှိန်မြင့်စေပြီး ထိုအခြေခံတန်ဖိုးတွေ က ဒါပါကွာ ဆိုပြီးတော့လဲ အမြင်ပြောင်းလဲဖျက်ဆီးပစ် သလိုဖြစ်နေပါတယ် ။
အသစ်သစ်တိုင်းက ကောင်းမွန်တယ်လို့ မဆိုနိုင်ပေမဲ့ အခြေခံတန်ဖိုးတွေ ကို တန်ဖိုး နှင့် အဓိပ္ပာယ် ပြောင်းလဲဖို့ကြိုးစားတာက ပိုပြီးဆိုးရွား ပါတယ် ။

အရေးပါပြီး အခြေခံကျတဲ့ တန်ဖိုးတွေက ဘာလဲ

ရန်ကုန်မြို့တွင်းက အများသုံးဘတ်စ်ကား တွေရဲ့ ဦးစားပေးထိုင်ခုံနေရာတွေ ၊ လူအများအပန်းဖြေရာပန်းခြံ ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ နှင့် နယ်မြို့တွေ က တက္ကသိုလ် တွေ နှင့် ယာဉ်အသုံးပြု သွားလာသူတွေ ကိုကြည့်လိုက်ပါလို့ ပြောလိုက်လျှင် ဝါးလုံးသိမ်းပြောသလိုဖြစ်မည်လို့ ဆိုနိုင်ပေမဲ့ ထို အခြေခံလူတန်းစား လွမ်းမိုးမှုများပြားသည့် နေရာတွေအပြင် အထက်တန်းကျသည့် အလုပ်ခွင် နှင့် ဠာနဆိုင်ရာအတန်းအစားတွေထဲမှာပါ မြင်တွေ့လာရ တာဟာ ထိုဝါးလုံးသိမ်းရိုက်ချ စကားကို ငြင်းပယ်ဖို့ ပိုတောင် မဖြစ်နိုင်ပါဘူး ။
၁၉၀၀ ခုနစ်ဝန်းကျင်ဟာ အခြေခံတန်ဖိုးထားမှုတွေ အကောင်းဆုံးရှင်သန် ခဲ့ကြပြီး ၂၀၀၀ ခုနစ်ကစပြီး ပျက်စီးလာတာ ကြောင့် ထို အခြေခံတန်ဖိုးထားမှုတွေကို သိရှိလိုလျှင် ထို ၁၉၀၀ ဝန်းကျင် မှာ နေထိုင်ကြီးပြင်းခဲ့ကြတဲ့ မျိုးဆက် ကို မေးမြန်း မှတ်တန်းပြုပြီး ထိုတန်ဖိုးတွေ ပြန်လည်တိုးတက်လာအောင် ပြန်လည်ပျံနှံလာအောင် နောက်လူငယ်တွေ သိရှိအောင် ဖြန်ဝေပေးရမှာပါပဲ ။ သို့မှသာ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ ယဉ်ကျေးမှုဆိုင်ရာ ၊ လူ့အဖွဲ့အစည်းဆိုင်ရာ တန်ဖိုးထားသတ်မှတ်မှုတွေ ပြန်လည်အသက်ဝင်ပြီး လုံခြုံတဲ့လူ့အဖွဲ့အစည်း အဖြစ်သို့ ပြောင်းလဲတိုးတက် ဖွဲ့စည်းတည်ဆောက်နိုင်မှာပါ ။

Comments

Popular posts from this blog

ရေတွေ ကုန်ဆုံးရတော့ မှာလား ?