Posts

Showing posts from October, 2019

Microplastic တစ်ကမ္ဘာလုံးကို အဆိပ်ခတ် ခြင်း

Image
Microplastic တစ်ကမ္ဘာလုံးကို အဆိပ်ခတ် ခြင်း ဆုတောင်းပြည့်တာလား . . . ဆုတောင်းမှားခဲ့တာလား ပျက်သုံးသွားတဲ့ ခေတ်တစ်ခေတ် ကို ကြီးစိုးခဲ့တဲ့ သက်ရှိ နှင့် သတ္တဝါတွေ ရဲ့ ရုပ်ကြွင်းတွေ ရိုရွင်းပြီးဖြစ်ပေါ်လာတဲ့ အမည်းရောင်ပြစ်ပြစ်အရည် . . . ရေနံစိမ်း ကို လောင်စာဆီ ၊ စွမ်းအင်ထုတ်လုပ်သည့်အဆီ အဖြစ်အသုံးပြုကြသည့် အပြင် ထိုရေနံစိမ်း မှ   ပလတ်စတစ် လို့ ခေါ်တဲ့ အရာတစ်ခု အဖြစ် ပုံစံပြောင်းလဲ ဖန်တီးပြီး ကျွန်တော်တို့နေ့စဉ် အသုံးပြုနေတဲ့ အသုံးအဆောင် ပစ္စည်းတစ်ခု အနေနဲ့ ပေါပေါလောလော အသုံးပြုနေတာ ရာစုနှစ် တစ်ခုတောင် မကြာသေးပါဘူး ။ အသုံးပြုတာ အချိန်မကြာသေးပေမဲ့ ထို ပလတ်စတစ်တွေ ကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်ဆိုးကျိုးတွေ ကတော့ ရာစုနှစ် ဆယ်ခု မက အချိန်ယူဖြေရှင်း ရင်တောင်မှ ပြေလည်မည့် ပုံစံ မပေါ်သေးပါဘူး ။ အမှိုက်ပုံတွေ မှာ ပုံဖောင်း ပျံနှံနေတဲ့ ထို ပလတ်စတစ် စွန့်ပြစ်အမှိုက်တွေဟာ သင့်မျက်စိရှေ့တွင်မြင်နေသည့် ပတ်ဝန်းကျင်အပြင် သာမန်လူ မရောက်နိုင်တဲ့ အမြင့်ဆုံး ဧဝရတ်တောင်ထိပ် မှ အနက်ဆုံး ပင်လယ်ချိုင့်ဝှမ်း အထိ ပလတ်စတစ်အမှိုက်တွေ ရောက်ရှိနေပြီး သာမန်မျက်စိ ဖြင့်မမြင်နိုင်တဲ့ မိုက်ခရို အဆင့် သေးငယ်တ