Posts

Showing posts from December, 2019

တန်ဖိုးထားမှုများ လျော့ကျခြင်း

တန်ဖိုးထားမှုများ လျော့ကျခြင်း ခေတ်ကာလ ကြာမြင့်ပြီး မေလျော့ခြင်းခံထားရသည့် ဘာသာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အရေးကြီးပြီး အခြေခံကျတဲ့ တန်ဖိုးထားမှုတွေ ကို နောက်လူ တွေ ရဲ့ မေ့လျော့လျစ်လျှူရှူခြင်းခံလာရတာကို ထို တန်ဖိုးထားမှုတွေ ရဲ့ အရေးပါမှုကို သိနားလည်ပြီး လက်ခံကျင့်သုံးတန်ဖိုးထား ခဲ့တဲ့မျိုးဆက်တွေ သက်ရှိထင်ရှားရှိစဉ်မှာပဲ   ထိုတန်ဖိုးတွေကွယ်ပျောက်တော့မယ့် အဖြစ်ကို မျက်မြင်ကိုယ်တွေ မြင်တွေ့တွေ့ကြုံတွေ့ရမည့် အခြေအနေ မှ တားဆီးကာကွယ်ရမည့် အနေအထား ရှိနေသည့် မြန်မာနိုင်ငံမှာ ထိုတန်ဖိုးတွေကို ကာကွယ်စောင့်ရှောက်ခြင်း နှင့် တန်ဖိုး မြင့်တင် ဖြန့်ဝေခြင်းဆိုင်ရာ တာဝန်တွေကို တာဝန်ရှိအစိုးရဝန်ထမ်းတွေသာ လုပ်ရမယ့် တာဝန်လို့ ထင်မြင်ယူဆနေတာဟာ ထိုတန်ဖိုးထားမှု တွေ အရှိန်အဟုန်နဲ့ ကွယ်ပျောက်သွား မည့် အန္တရာယ် ကို အရှိန်ကောင်းကောင်းနဲ့ ကြီးထွားလာစေမယ့် မြေခံရေခံ ကောင်းကောင်းတစ်ခုကို ဖန်တီးနေသကဲ့ ဖြစ်နေပါတယ် ။ ဒုတိယ မိဘ များ ပြောင်းလဲမှု လက်ဦးဆရာတွေ ဖြစ်ကြတဲ့ မိဘ တွေရဲ့ ချို့တဲ့ တဲ့ အိမ်တွင်းပညာရေးစနစ် ထက် အဓိကကျတဲ့အခြေခံပညာရေးစနစ် မှာလဲ ပိုမိုဆိုးဝါးတဲ့ ဖြစ်စဉ် နှင့် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာကို