ရေတွေ ကုန်ဆုံးရတော့ မှာလား ?

ရေတွေ ကုန်ဆုံးရတော့ မှာလား ?
No water , no life , no blue , no green
  • Sylvia Earle

အစိမ်းရောင်ကုန်းမြေထက် အပြာရောင်လွမ်းခြုံတဲ့ ကျွန်တော်တို့ ကမ္ဘာရဲ့ မျက်နာပြင် ၇၁ ရာခိုင်နှုန်းကို ရေပြင်များနဲ့ ဖွဲ့စည်းထားပေမဲ့ တစ်ကမ္ဘာလုံး လူဦးရေ ရဲ့ တစ်ဝက်လောက် က အလွန်အမင်း ရေရှားပါးမှု နဲ့ ကြုံတွေ့နေရပါတယ် ။

ခန့်မှန်း တွက်ချက်မှုတွေ အရ ၂၀၅၀ မှာ နိုင်ငံပေါင်း ၂၀ ကျော် ဟာ ရေအရင်းအမြစ် ပျက်လပ် ရှားပါးမှုနဲ့ ကြုံတွေ့ရနိုင်ပါတယ် ။

ဒီလို အချက်တွေကြောင့် ကျွန်တော်တို့တွေ သန့်ရှင်းတဲ့ရေ အရင်းအမြစ်တွေ ကုန်ဆုံး ပျက်ဆီးနေပြီလား ဆိုတဲ့ မေးခွန်း တွေ ထွက်လာပါတယ် 
Are we running out of clean water ?

ဒီမေးခွန်းရဲ့ အဖြေ ကို ပြောရမယ်ဆိုရင် … ဟုတ်တယ် နှင့် မဟုတ်ဘူး ဆိုတာ နှစ်ခုလုံးဖြစ်နေပါတယ်

ကမ္ဘာဟာ ရေသံသရာလည်ပတ်ခြင်း ဖြစ်စဉ်ကြောင့် ရေချို ပျက်လပ်သွားမှာ မဟုတ်ပါဘူး ။
၉၇ ရာခိုင်နှုန်းက ကုန်းနေသတ္တဝါ တွေ ၊ အပင်တွေ နှင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ သောက်သုံးအသုံးပြု လို့ မရနိုင်လောက်အောင် ဆား နှင့် အခြား ဓာတ်သတ္တုတွေ ပျော်ဝင်နေ ရေငန် တွေဖြစ်ပြီး ကျန်ရှိတဲ့ ၃ ရာခိုင်နှုန်းကသာ သောက်သုံး အသုံးပြုလို့ရနိုင်တဲ့ ရေချိုတွေဖြစ်ပါတယ် ။

ထို ၃ ရာခိုင်နှုန်း အတွင်း မှာ ၂ ရာခိုင်နှုန်း က အေးခဲနေတဲ့ ရေခဲပြင် တွေ နဲ့ ရေခဲမြစ်တွေ ဖြစ်ပြီး ကျန် ၁ရာခိုင်နှုန်း က သာ တစ်ကမ္ဘာလုံး မှာ သက်ရှင်နေထိုင်နေတဲ့ သက်ရှိတွေ အကုန်လုံး လုံလောက်စွာ အသုံးပြုနေကြပါတယ်။

ထို ၁ ရာခိုင်နှုန်း သော ရေချိုတွေဟာ မြစ် ၊ ချောင်း ၊ အင်း ၊ အိုင် ၊ မြေအောက်ရေ ၊ ရေငွေ့ နှင့် ရေခဲတောင်များ အဖြစ် တည်ရှိနေပြီး လူသားများရဲ့ အလွန်အကျွံ အသုံးပြုမှု အလျှင်အမြန် ကုန်ဆုံးနေပြီး ပြန်လည်ဖြည့်တင်းမှုဖြစ်တဲ့ မိုးရေ နှင့် နှင်း တွေ ရဲ့ နှေးကွေးတဲ့ ဖြည့်တင်းမှု က ကြီးမားတဲ့ သုံးစွဲနှုန်းကို အမှီမလိုက်နိုင်ပါဘူး ။

 ပြီးတော့ ဒီ ကန့်သက်ချက်များလှတဲ့ အရင်းအမြစ်တွေ ဟာ ဒေသနှင့် ပထဝီ ရေမြေတည်ဆောက်မှုတွေ အပေါ်မှာ မူတည်ပြီး  လွယ်လွယ်ကူကူ ရရှိတာမျိုး မဟုတ်ပါဘူး ။ ‌ကြမ်းတမ်းခက်ခဲတဲ့ တဲ့ ဒေသတွေမှာ ရေ အရင်းအမြစ် ရရှိဖို့ ရင်းနှီးရတဲ့ ခွန်အား နှင့် ‌ငွေကြေးဓန ပမာဏ က မနည်းလှပါဘူး ။ ရေအရင်းအမြစ်ကို လွယ်လွယ်ကူကူ ရရှိနေတဲ့ ဒေသတွေမှာတော့ လွယ်လွယ်ရတဲ့ ‌ရေ တွေကို လိုအပ်သည်ထက် ပိုမို သုံးစွဲ နေကြပြီး ချောင်းကန်တွေ နဲ့ မလုံလောက်တော့ တဲ့ အခါမှာတော့ မြေ‌‌အောက်မှာရှိနေတဲ့ ရေတွေကို ထုတ်ယူသုံးစွဲလာပါတော့တယ် ။

အလုံးစုံကို ခြုံပြောရရင် ရေအရင်းအမြစ်တွေ ကို ကျွန်တော်တို့ ဆုံးရှုံးနေရတာ မဟုတ်ပဲ ကျွန်တော်တို့က ရေအရင်းအမြစ်တွေ ကို ရေရှည်မကြည့်ပဲ အလျှင်အမြန်နဲ့ ပမာဏ ကြီးစွာ သုံးစွဲ နေကြတာပါပဲ ။

ဒီလိုပြောလိုက်လို့ မအံသြသွားကြပါနဲ့ ။

ပုံမှန်အားဖြင့် လူတစ်‌‌ေယာက် က တစ်နေ့ကို ရေနှစ် လီတာ သာ သောက်သုံးတယ်လို့ သိကြပေမဲ့ ထိုတစ်နေ့ တာ အတွင်းမှာပဲ ထို လူတစ်ယောက် ဟာ ရေ လီတာ၃၀၀၀ သုံးစွဲ လိုက်တာကိုတော့ သူတို့ကို သူတို့တောင် မသိလိုက်ကြပါဘူး ။

ထို လီတာ ၃၀၀၀ ရဲ့ ၃.၆ ရာခိုင်နှုန်း ကို အိမ်၊အိုးခွက်ပန်ကန် ၊ အဝတ်အစားနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အလုပ်တွေအတွက် ပဲ သုံးပြီး ၄.၄ ရာခိုင်နှုန်းကိုတော့ ကျွန်တော်တို့ တစ်ယောက်ချင်းစီ နေစဉ်သုံးနေ ဝယ်ယူနေ တဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ မှာ အသုံးပြုပြီး ကျန်ရှိတဲ့ ၉၂ ရာခိုင်နှုန်းကိုတော့ လုပ်ငန်းတစ်ခု တည်း အတွက် သုံးစွဲလိုက်ရပါတယ် ။ထိုလုပ်ငန်း ကတော့ စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်း တွေပါပဲ ။ 

တိုးတက်နေတဲ့ ကမ္ဘာ့ လူဦးရေ ကို ထောက်ပံပေး နိင်ဖို့ အတွက် တစ်ကမ္ဘာလုံးရဲ့ မျက်နာပြင် ၃၇ ရာခိုင်နှုန်း ကို နေရာယူထားတဲ့ စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်း တွေ ဟာ ၂,၅၀၀,၀၀၀ လီတာ ဆန့်တဲ့ အိုလံပစ် ရေကူးကန် အရေအတွက်ပေါင်း ၃.၃ ဘီလီယံ နှင့် ညီမျှတဲ့ ရေပမာဏကို နှစ် စဉ် သုံးစွဲနေရပါတယ် ။ ထို ပမာဏ ဟာ ရေချို အရင်းအမြစ်ကို ခြောက်လန့် နေပါတယ် ။

ဒါကြောင့် တောင်သူလယ်သမား တွေဟာ ပိုမိုထိရောက်တဲ့ ရေသွင်းစနစ် ကို အသုံးပြုတာ ၊ ရေသုံးစွဲမှု နည်းတဲ့ သီးပင်တွေ ရရှိအောင် မျိုးဆက်တာ တွေ ပြုလုပ်လာကြပြီး ကုန်ထုတ်လုပ်ငန်းတွေမှာ လည်း ရေကို ချွေတာသုံးစွဲမှု တွေ နဲ့ အသုံးပြုပြီးသား ရေ တွေ ကို ပြန်လည် သန့်စင် အသုံးပြုတဲ့ နည်းစဉ်တွေ ပါ အသုံးပြုဖို့ လိုအပ်လာပါတယ် ။ 

တစ်ဦးတစ်ယောက်ချင်း တစ်ကိုယ်ရေ ရေ အသုံးပြုမှု ကို လျှော့ချလိုလျှင် အစားအစာ တွေကို မလိုအပ်ပဲ စွန့်ပစ်တာတွေကို လျှော့ချ တာကနေ ပြီး စတင်ရပါမယ် ။ ဘာလို့လဲဆိုတော့ လယ်ယာထွက်ကုန် တွေရဲ့ သုံးပုံ တစ်ပုံ ဟာ စွန့်ပစ် အသုံးမပြုခြင်း ခံ‌နေ ရပါတယ် ။ သက်သက်လွတ် စားခြင်း အလေ့အထ က လည်း သင့်ရဲ့ တစ်ရက်တာ ရေသုံးစွဲနှုန်း ရဲ့ သုံးပုံတစ်ပုံ ထက်ပိုပြီး လျှော့ချနိုင် ပါတယ် ( အသား ထုတ်လုပ်မှုသည် ရေသုံးစွဲမှု များပြားသော လုပ်ငန်းဖြစ်သည်  )  

ကမ္ဘာကြီး မှာ ရှိနေတဲ့ ရေတွေ က အခြား တွင်းထွက် အရင်းအမြစ်တွေလို ကုန်ဆုံးသွားတာမျိုး ရှိမှာ မဟုတ်ပါဘူး ဆိုပေမဲ့ လူတွေ ရေငတ် ရတဲ့ အဖြစ်အပျက် တွေလည်း ဖြစ်ဖို့ မသင့်တော် ပါဘူး ။ 

အငတ်ဘေးဆိုတဲ့ ကြီးမားတဲ့ ဒုက္ခဖြစ်စဉ်ကြီး တစ်ခု ကို လူတစ်ဦးချင်းစီရဲ့ နေ့စဉ် လုပ်နေတဲ့ ခဏတာ ဆုံးဖြတ်ချက်သေးသေးလေးတွေက နေပြီးတော့ တားဆီးနိုင်ပါတယ် ။



Comments

Popular posts from this blog