Posts

Showing posts from March, 2020

ရေတွေ ကုန်ဆုံးရတော့ မှာလား ?

ရေတွေ ကုန်ဆုံးရတော့ မှာလား ? No water , no life , no blue , no green Sylvia Earle အစိမ်းရောင်ကုန်းမြေထက် အပြာရောင်လွမ်းခြုံတဲ့ ကျွန်တော်တို့ ကမ္ဘာရဲ့ မျက်နာပြင် ၇၁ ရာခိုင်နှုန်းကို ရေပြင်များနဲ့ ဖွဲ့စည်းထားပေမဲ့ တစ်ကမ္ဘာလုံး လူဦးရေ ရဲ့ တစ်ဝက်လောက် က အလွန်အမင်း ရေရှားပါးမှု နဲ့ ကြုံတွေ့နေရပါတယ် ။ ခန့်မှန်း တွက်ချက်မှုတွေ အရ ၂၀၅၀ မှာ နိုင်ငံပေါင်း ၂၀ ကျော် ဟာ ရေအရင်းအမြစ် ပျက်လပ် ရှားပါးမှုနဲ့ ကြုံတွေ့ရနိုင်ပါတယ် ။ ဒီလို အချက်တွေကြောင့် ကျွန်တော်တို့တွေ သန့်ရှင်းတဲ့ရေ အရင်းအမြစ်တွေ ကုန်ဆုံး ပျက်ဆီးနေပြီလား ဆိုတဲ့ မေးခွန်း တွေ ထွက်လာပါတယ်   Are we running out of clean water ? ဒီမေးခွန်းရဲ့ အဖြေ ကို ပြောရမယ်ဆိုရင် … ဟုတ်တယ် နှင့် မဟုတ်ဘူး ဆိုတာ နှစ်ခုလုံးဖြစ်နေပါတယ် ကမ္ဘာဟာ ရေသံသရာလည်ပတ်ခြင်း ဖြစ်စဉ်ကြောင့် ရေချို ပျက်လပ်သွားမှာ မဟုတ်ပါဘူး ။ ၉၇ ရာခိုင်နှုန်းက ကုန်းနေသတ္တဝါ တွေ ၊ အပင်တွေ နှင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ သောက်သုံးအသုံးပြု လို့ မရနိုင်လောက်အောင် ဆား နှင့် အခြား ဓာတ်သတ္တုတွေ ပျော်ဝင်နေ ရေငန် တွေဖြစ်ပြီး ကျန်ရှိတဲ့ ၃ ရာခိုင်နှုန်းကသာ သောက်သုံး အ